ဝန်ဆောင်မှုများ
လင်းရောင်ခြည် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် ရှိနိုင်သော ဝန်ဆောင်မှုများကို အောက်တွင်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
Specialist အထူးကုဆရာ၀န် များ နှင့် ပြသဆွေးနွေးခြင်း
လင်းရောင်ခြည် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ တွင် ဆွေးနွေးပြသနိုင်သော အထူးကုဘာသာရပ်များ
- အထွေထွေရောဂါ အထူးကုဆရာ၀န်များ
- ခွဲစိတ်ရောဂါ အထူးကုဆရာ၀န်များ
- ကလေးရောဂါ အထူးကုဆရာ၀န်များ
- သားဖွားနှင့်မီးယပ် အထူးကုဆရာ၀န်များ
- အရိုးနှင့်အကြောဆိုင်ရာရောဂါ အထူးကုဆရာ၀န်များ
- အရေပြားရောဂါ အထူးကုဆရာ၀န်များ
- ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာ အထူးကုဆရာ၀န်များ
- အသည်းရောဂါ အထူးကုဆရာ၀န်များ
- ကျောက်ကပ်ရောဂါ အထူးကုဆရာ၀န်များ
အထူးကုဆရာ၀န်များ နှင့် ဘိုကင်ရယူရန် အောက်ပါလင့်ခ်နေရာတွင် click နှိပ်ပါ၊၊
Booking with Specialist Doctors
Diagnostic Laboratory (နိုင်ငံတကာ အဆင့်မှီဓာတ်ခွဲခန်း)
- ခေတ်မီ စက်ကိရိယာများကို အသုံးပြု၍ ဆီး၊၀မ်းနှင့်သွေး ဆိုင်ရာ ရောဂါအမျိုးမျိုး စစ်ဆေးအဖြေရှာခြင်း၊၊
- ကူးစက်ရောဂါအမျိုးမျိုးဆိုင်ရာ အသည်းရောင် အသားဝါ ဘီ၊စီ ရောဂါများ၊ ခုခံအားကျဆင်းရောဂါပိုး နှင့် အခြားဆက်စပ်ရောဂါများ စစ်ဆေး အဖြေရှာခြင်း၊၊
- သွေးတွင်းသကြားဓါတ်၊ အသည်းအင်ဇိုင်းလုပ်ဆောင်ချက်၊ သိုင်းရွိုက်ဟော်မုန်း၊ ဆီးချိုဆိုင်ရာ၊ ကျောက်ကပ်ဆိုင်ရာ နှင့် အခြားသော ဆီး၊၀မ်း၊သွေး ဆိုင်ရာ ရောဂါများ အဖြေရှာခြင်း၊၊
- ကင်ဆာဇီဝ အမှတ်အသားများ နှင့် အသားစ စစ်ဆေး အဖြေရှာခြင်း အစရှိသည့် ရောဂါရှာဖွေ စစ်ဆေးခြင်း များ ပြုလုပ်ပေးလျက်ရှိပါသည်၊၊
Ultrasound (တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း)
- ကိုယ်ဝန်ဆောင်မိခင်များအတွက် ရင်သွေး၏ဖွံဖြိုးတိုးတက်မှုကို ကြည့်ရှုနိုင်ခြင်း၊
- သန္ဓေသားကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းမှု ရှိ/မရှိ အသေးစိတ်စစ်ဆေးခြင်း၊ (Anomaly Scan)
- သန္ဓေသား၏ မျက်နှာသွင်ပြင်အားနောက်ဆုံးပေါ် 3D/4D နည်းပညာဖြင့် ပုံရိပ်ဖော်ခြင်း၊ (3D/4D Ultrasound)
- အမျိုးသမီး ကျန်းမာရေး၊ ရင်သား၌အဖု၊ အကျိတ်များရှိ/မရှိ စစ်ဆေးခြင်း၊
- သားအိမ်၊သားဥအိမ်၌ အလုံး ၊ အကျိတ်များရှိ/မရှိအသေးစိတ် စစ်ဆေးနိုင်ခြင်း၊
- သားသမီးရရှိရန် ခက်ခဲသူများအတွက် SIS (Saline Infusion Sonogram) ဖြင့်သားဥပြွန်လမ်းကြောင်းပွင့်၊မပွင့် စစ်ဆေးကြည့်ရှုနိုင်ခြင်း၊
- အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းဆက်စပ်ရောဂါအမျိုးမျိုးနှင့် သည်းခြေအိတ်ကျောက်တည်ခြင်းရောဂါအမျိုးမျိုးရှာဖွေနိုင်ခြင်း၊
- ဆီးကျိတ် (ကျောက်ကပ်) ဆီးလမ်းကြောင်း ဆက်စပ်ရောဂါများရှာဖွေနိုင်ခြင်း၊
- Color Doppler Ultrasound ဖြင့် လည်ပင်းသွေးကြော၊ ခြေထောက်သွေးကြောနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးရှိသွေးကြောရောဂါများကို စစ်ဆေးနိုင်ပါသည်။
Digital X-Ray (ဒီဂျစ်တယ်စနစ်ဖြင့်ဓာတ်မှန်ရိုက်ခြင်း)
- Digital X-Ray (DR) အသုံးပြု၍ မိမိခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်အဆစ်များဆိုင်ရာ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း များ ပြုလုပ်နိုင်ပါသည်၊၊
Digital X-ray ၏အားသားချက်များမှာ - ဓာတ်ရောင်ခြည် အနည်းငယ်သာ လိုအပ်ခြင်း၊၊
- ကောင်းမွန်ပြည့်စုံသော ဓာတ်မှန်ပုံရိပ် အရည်အသွေးရရှိခြင်းကြောင့် ရောဂါရှာဖွေရာတွင် တိကျမှန်ကန်မှုကို အထောက်အကူပြုနိုင်ခြင်း၊၊
- ဓာတ်မှန်အဖြေ ကို Digital file ဖြင့် ကွန်ပျူတာတွင် သိမ်းဆည်းနိုင်ခြင်း၊ သို့မဟုတ် Email ဖြင့်ပေးပို့ ရယူနိုင်ခြင်း၊၊
- ဖလင်ခြောက်ချိန်ကို စောင့်ဆိုင်းရန်မလိုအပ်ခြင်း။ အစရှိသည့် အကျိုးကျေးဇူးများ ကို အခြေခံ၍ ၀န်ဆောင်မှုပေးလျက်ရှိပါသည်၊၊
Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း)
- နှလုံးအရွယ်အစား၊ နှလုံး နံရံ အထူအပါး တိုင်းတာခြင်း၊
- နှလုံး ညစ်အားတိုင်းတာခြင်း၊
- နှလုံးအဆို့ရှင် ကျဥ်းခြင်း၊ ကျယ်ခြင်း၊ မလုံခြင်း ရှိ မရှိ၊
- မွေးရာပါ နှလုံးရောဂါများ (ဥပမာ နှလုံးအပေါက်ပါခြင်း/ နှလုံး အကန့်များဆက်နေခြင်း)၊
- နှလုံးအဆို့ရှင်ရောဂါများ၊
- နှလုံးရေဖုံးခြင်း၊
- နှလုံးအခန်းတွင်းသွေးခဲဖြစ်ခြင်း အစရှိသည့် ရောဂါရှာဖွေခြင်းများကို ဝါရင့်အထူးကုကျွမ်းကျင်ဆရာဝန်ကြီးများမှ အသုံးပြုရိုက်ပေးခြင်းများကြောင့် ကြည်လင်ပြတ်သားပြီး၊ မှန်ကန်တိကျသောအဖြေများကို ထုတ်ပေးနိုင်ပါသည်။
Pharmacy
အရည်အသွေး ပြည့်မီသော နိုင်ငံခြားဆေးဝါးများ ကို ကိုယ်တိုင်လာရောက် ၀ယ်ယူရရှိနိုင်ခြင်း (သို့) အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း၊၊ ကာကွယ်ဆေး အမျိုးမျိုး ထိုးနှံနိုင်ခြင်း။ အစရှိသည့် ၀န်ဆောင်မှု များ ရရှိနိုင်ပါသည်၊၊
Medical Checkup Service (ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှု)
နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများ၊ နိုင်ငံခြားတွင်ကျောင်းတက်မည့်သူများ၊ ပြည်တွင်းပြည်ပ company တွင်ဝင်ရောက်လုပ်ကိုင်မည့်သူများ၊ စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်မည့်သူများ၊ အသက်အရွယ်အမျိုးမျိုး အတွက် ကျန်းမာရေးစစ်ဆေးလိုသူများ၊ Corporate Organization များအတွက် လုပ်ငန်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခြင်း ( Medical Check-up Package ) များကို အထူးဈေးနှုန်းများဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ် သိရှိလိုပါက ဖုန်း 09794016977 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊
LYC Dental Clinic
- ရရှိနိုင်သော သွားကျန်းမာရေး ဝန်ဆောင်မှုများမှာ-
- ၁။ သွားနှုတ်၊သွားဖာခြင်း (Tooth Extraction/Tooth Filling)
- ၂။ သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)
- ၃။ သွားများ ဖြူဖွေးလှပအောင် ပြုလုပ်ခြင်း (Tooth Whitening)
- ၄။ သွားအမြစ်တု ထည့်ကုသခြင်း (Dental Implant)
- ၅။ သွားများ ညီညာလှပအောင် ပြုပြင်ခြင်း (Orthodontic Treatment)
- ၆။ သွား ကျောက်ခြစ်ခြင်း (Scaling & Polishing)
- ၇။ သွား စိုက်ခြင်း (Crown/Bridge Treatment)
- ၈။ သွား အံကပ် ပြုလုပ်ခြင်း (Denture)
- ၉။ သွားရှေ့ မျက်နှာပြင် ညီညာလှပအောင် ပြုလုပ်ခြင်း(Veneer Treatment)
- သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)
သွား၏အတွင်းဆုံးအလွှာသို့ ဖျက်ဆီးသောပိုးမွှားများကို ဖယ်ရှားပစ်ပြီး ဖျက်ဆီးခံလိုက်ရသောနေရာကို ဆေးချောင်းလေးများနှင့် အစားထိုးပိတ်ပြီး ကုသပေးခြင်း ဖြစ်ပါသည်။
- သွားများ ဖြူဖွေးလှပအောင် ပြုလုပ်ခြင်း (Tooth Whitening)
အချိန် ၁နာရီမျှပေးရုံဖြင့် မိမိနဂိုသွားများထက် ပိုမိုဖြူစင်တောက်ပြောင်သော ပြုံးအလှပိုင်ရှင် များအဖြစ် ဖန်တီးပေးနိုင်သော ကုသနည်းလမ်းဖြစ်ပါသည်။
- သွားများ ညီညာလှပအောင် ပြုပြင်ခြင်း (Orthodontic Treatment)
သွားကျဲသူများ၊သွားတစ်ချောင်း နှင့် တစ်ချောင်းထပ်နေ၊ စောင်းနေသူများ၊ သွားအရှေ့အနောက်မညီ၊ အတိုအရှည် မညီမညာဖြစ်နေသူများအတွက် Brace တပ် သွားညှိ ကုသခြင်း ဖြစ်ပါသည်။
- သွားကျောက်ခြစ်ခြင်း (Scaling & Polishing)
သွားကျောက်၊ သွားချေး၊ သွားအစွန်းများကို သန့်စင်ပေးပြီး သန့်စင်ခိုင်မာသော သွားများ အဖြစ် ကုသပေးခြင်း ဖြစ်ပါသည်။
- သွားအံကပ် ပြုလုပ်ခြင်း (Denture)
နှုတ်ထားသာ သွားနေရာများကို အရှင်စိုက်အံကပ် ပြုလုပ် စိုက်ပေးသော ကုသနည်းဖြစ်ပါသည်။
- သွားရှေ့ မျက်နှာပြင် ညီညာအောင် ပြုလုပ်ခြင်း(Veneer Treatment)
သင့်သွားများကို ညီညာလှပ၊ ဖြူဖွေးတောက်ပပြီး ယုံကြည်မှုရှိရှိ ပြုံးရယ်နိုင်အောင် ပြုလုပ်ပေးနိုင်သော ကုသနည်း တစ်မျိုးဖြစ်ပါသည်။